``ကျွန်ုပ်တို့သည် လူ့အဖွဲ့အစည်း၊ သဘာဝပတ်ဝန်းကျင်နှင့် သုံးစွဲသူများ၏ ကျေနပ်မှုကို အဓိက ဦးစားပေးလုပ်ဆောင်နေသော စွမ်းအင်နှင့် ရေနံဓါတုဆိုင်ရာ ကုမ္ပဏီဖြစ်သည်´´ဟူသော ခံယူချက်နှင့်အညီ CEPSA အနေဖြင့် မိမိ၏စွမ်းဆောင်ရည်များကို လူ့အဖွဲ့အစည်းကြီး၏ အကျိုးတရားကိုသာ အစဉ်ရှေးရှုလျက်ရှိပါသည်။
အဆိုပါရှေးရှုချက်နှင့်အညီ ကုမ္ပဏီအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်ဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော်ခဲ့သည်။
``အရင်းအမြစ်များအား စနစ်တကျစီမံခန့်ခွဲခြင်းနှင့် ကုမ္ပဏီ၏ကြိုးပမ်းချက်များကို အစုရှယ်ယာရှင်များအတွက် ရည်ရွယ်ဦးတည်ခြင်း´´
ထို့ပြင် အစုရှယ်ယာရှင်များ၏ ယုံကြည်မှုခိုင်မာစေရန်၊ ကုမ္ပဏီ၏ခံယူချက်ခိုင်မာစေရန်အတွက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကုမ္ပဏီဆိုင်ရာ မူဝါဒကို ရေးဆွဲထားသည်။ ယင်းတို့မှာ…
အစုရှယ်ယာရှင်များ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများကိုလေးစားခြင်း၊
ကုမ္ပဏီ၏ အခြေခံမူဝါဒများ၊ ခံယူချက်များနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို စနစ်တကျဖော်ဆောင်ခြင်း၊
ကုမ္ပဏီ၏သတင်းအချက်အလက်များကို စနစ်တကျထိန်းသိမ်းခြင်းနှင့် ကောင်းမွန်သော စီမံခန့်ခွဲမှုပေးခြင်း၊
ထုတ်လုပ်မှုအရည်အသွေးနှင့် စံချိန်စံညွှန်းများကို ထိန်းသိမ်းခြင်း၊
တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်းဆိုင်ရာလုပ်ငန်းခွင်များတွင် အန္တရာယ်ကင်းစင်ရေးကို အလေးထားခြင်းတို့ဖြစ်သည်။
|