CEPSA မှထုတ်လုပ်သော မည်သည့်အင်ဂျင်ဝိုင်အမျိုးအစားမဆို အနည်းဆုံး ကီလို(၆,၀၀၀) (ခြောက်ထောင်) အထိသုံးစွဲနိုင်ပါသည်။
         
 
  CATEGORIES
  Product & Services > Detail Product
 
  What's New
  About CEPSA
  Products & Services
  CEPSA Service Center
  Contact Us
 
 
 
Product & Services
 
:: Detail Product ::
 
:: SYNTHETIC ::
   
  1. Star eco synthetic SAE 0W 30 ACEA A5/B5
» ရာနှုန်းပြည့်ဆင်သက်တစ်အင်ဂျင်ဝိုင် (100% Synthetic) Lubricant ဖြစ်၍ ဓာတ်ဆီအင်ဂျင်အမျိုးမျိုး၊ ဒီဇယ်အင်ဂျင်နှင့် တာဗိုချတ်ခ်ျ ဒီဇယ်အင်ဂျင်များအတွက် ရည်ရွယ်ထုတ်လုပ်ထားသည်။
» အရည်အသွေးအလွန်မြင့်မား၍ ကာလကြာရှည်စွာ အသုံးခံသော အင်ဂျင်ဝိုင်မျိုးဖြစ်သည်။ ဓာတ်ဆီကားများ အတွက် ကီလိုမီတာ ၃၀,၀၀၀ (သို့မဟုတ်) အချိန်တစ်နှစ်၊ ဒီဇယ်ကားများအတွက် ကီလိုမီတာ ၅၀,၀၀၀ (သို့မဟုတ်) အချိန် နှစ်နှစ်ကြာအထိ အရည်အသွေးမပြောင်းလဲဘဲ အလွန့်အလွန်ကြာရှည်အသုံးခံသည်။ ထုတ်ပိုးမှုပုံစံအနေဖြင့် တစ်လီတာဝင်ဘူးများ၊ ၄ လီတာဝင်ပုံးများရရှိနိုင်သည်။
 
       

  2. Star Synthetic SAE 10W40
» မည်သို့သော အင်ဂျင်အတွက်မဆို သင့်တော်စေရန် ထုတ်လုပ်ထားပါသည်။ တာဗိုချာ့ခ်ျ အင်ဂျင်၊ တိုက်ရိုက်အင်ဂျက်ရှင်းအင်ဂျင်၊ အင်တာကူလာအင်ဂျင်တို့အတွက် သင့်တော်ပါသည်။ မြင့်မားသော အပူချိန်တွင် အဆက်မပြတ်လည်ပတ်နေသော အင်ဂျင်များ၊ မရပ်မနား မောင်းနှင်ရသော ယာဉ်များ၊ ကုန်ချိန်လေးလံစွာ သယ်ပိုးရသော ၀န်ချီစက်များနျင့် သင့်တော်ကြောင်း အာမခံပါသည်။
» အင်ဂျင်ဝိုင်၏ အရည်အသွေးကို ကာလကြာစွာ ထိန်းသိမ်းထားနိုင်ခြင်း၊ အင်ဂျင်သက်တမ်း ပိုမိုရှည်ကြာစေခြင်း၊ ပုံမှန် အင်ဂျင်ဝိုင်များထက် အင်ဂျင်အစိတ်အပိုင်း ပျက်စီးမှုကို ပိုမိုကာကွယ်ခြင်း စသောစွမ်းရည်များ ရှိပါသည်။
» ပတ်ဝန်းကျင် ထိခိုက်မှု လုံးဝမရှိသောကြောင့် API Donut အရည်အသွေးမှတ်တမ်းတင်ခြင်းခံရသည့် အင်ဂျင်ဝိုင် ဖြစ်သည်။
» ထုတ်ပိုးမှု ပုံစံအနေဖြင့် ၁- လီတာဘူးများ၊ ၄- လီတာပုံးများ၊ ၅- လီတာပုံးများ ရရှိနိုင်ပါသည်။
 
       

  3. Star Synthetic 5W 50
» ရာနှုန်းပြည့် ဆင်သက်တစ် (100% Syntnetic) အင်ဂျင်ဝိုင် ဖြစ်ပြီး ဒီဇယ်၊ ဓါတ်ဆီ အင်ဂျင်ကား နှစ်မျိုးလုံးတွင် အသုံးပြုနိုင်သည်။ Turbo ပါသောကားများ၊ ကိုယ်ပိုင် အပေါ့စားကားများအတွက် သင့်တော်သည်။
» အပူ၊ အအေး ပြောင်းလဲမှု ပြင်းထန်သော ရာသီဥတုတွင် ကောင်းစွာ စီးဆင်းလုပ်ဆောင်နိုင်စွမ်း ရှိသည်။
 
       
  4. Star Avant 10W 30 SYNT
» စွမ်းဆောင်ရည် မြင့်မားသော ခေတ်ပေါ် ဒီဇယ်၊ ဓါတ်ဆီ အင်ဂျင်ကားများအတွက် အထူး ရည်ရွယ်ထုတ်လုပ် ထားသော တစ်ဝက် ဆင်သက်တစ် (Semi Synthetic) အင်ဂျင်ဝိုင် ဖြစ်သည်။
» မာလ်တီ ဂရိတ် (Multi) အင်ဂျင်ဝိုင် ဖြစ်သည်။ နောက်ဆုံးပေါ် နည်းပညာဖြင့် ထုတ်လုပ်ထားပြီး တာဗို (Turbo) ၊ ဒါရိုက် အင်ဂျက်ရှင်း (Direct Injection) စနစ်ပါသော ကားများအတွက် အထူးသင့်လျော်သည်။
 
       

  5. Euromax 10W 40 API CI-4
» အကောင်ဆုံး စွမ်းဆောင်ရည်ရရှိစေရန် ထုတ်လုပ်ထားသော တစ်ဝက် ဆင်သက်တစ် အင်ဂျင်ဝိုင် ဖြစ်သည်။ ACEA E7-08 နှင့် API CI-4 တို့၏ လိုအပ်ချက်ကို ဖြည့်စွက်ပြည့်မီအောင် ထုတ်လုပ်ထားသည်။
» နောက်ဆုံးပေါ် နည်းပညာဖြင့် ထုတ်လုပ်ထားသောကြောင့် ဥရောပနှင့် အမေရိကထုတ် စက်ယန္တရား ကြီးများတွင် အသုံးပြုနိုင်သည်။ မီးခိုးထုတ်လွှတ်မှုမရှိပါ။
 
       
:: Synthetic Engine Oil for Diesel & Petro Engine ::
       
  1. Eurotrans SHPD SAE 10W 40 API CI-4
» တာဗိုအင်ဂျက် ဒီဇယ်အင်ဂျင်များ ရန်ဖန်ရန်ခါတွင်သာ အသုံးပြုသောယာဉ်များနှင့် သင့်တော်ပါသည်။
» ဆင်သက်တစ်ဆီဖြစ်သည့်အပြင် နောက်ဆုံးပေါ်ဂျီးချွတ်စွမ်းရည်ရှိသောကြောင့် ပစ်စတင် (Piston) ကို အသန့်ရှင်းဆုံးဖြစ်စေပြီး အခြားသော SHPD (Super High Performance Diesel) ဆီများထက် ၆၀% ပိုမိုအစွမ်းထက် ပါသည်။ ထုတ်ပိုးမှုပုံစံအနေဖြင့် ၅ လီတာဝင်ပုံးများ ရရှိနိုင်ပါသည်။
 
       
:: Engine Oil for Diesel and Petro Engine ::
       
  1. CEPSA STAR AVANT 15W 40
» API SM အထိရောက်အောင် အထူးဒီဇိုင်းပြုကာ ထုတ်လုပ်ထားပါသည်။ ဒီဇယ်၊ ဓါတ်ဆီ၊ CNG အင်ဂျင်သုံး နောက်ဆုံးပေါ်ကားများနှင့် မည်သည့် ကားအမျိုးအစားမျိုးမဆို အသုံးပြုနိုင်ပါသည်။
» အင်ဂျင်ဝိုင် သက်တမ်းကို ကြာရှည်အောင် စီမံထားပါသည်။
 
       

  2. CEPSA STAR AVANT 20W 50
» API SM အထိရောက်အောင် အထူးဒီဇိုင်းပြုကာ ထုတ်လုပ်ထားပါသည်။ ဒီဇယ်၊ ဓါတ်ဆီ၊ CNG အင်ဂျင်သုံး နောက်ဆုံးပေါ်ကားများနှင့် မည်သည့် ကားအမျိုးအစားမျိုးမဆို အသုံးပြုနိုင်ပါသည်။
» အင်ဂျင်ဝိုင် သက်တမ်းကို ကြာရှည်အောင် စီမံထားပါသည်။
 
       
  3. CEPSA HIGH MILEAGE 25W 50
» ကီလို တစ်သိန်းအထက် အသုံးပြုပြီး ယာဉ်၊ ယန္တရားများအတွက် အထူးဖန်တီးထားသော မြင့်မားသော စွမ်းဆောင်းရည်ရှိသည့် အင်ဂျင်ဝိုင် ဖြစ်သည်။
» အင်ဂျင်ဝိုင်သက်တမ်းကြာမြင့်မှုကြောင့် ဖြစ်ပေါ်စေသည့် ဆိုးကျိုးဖြစ်သော ဆီစားမှုကို ကာကွယ်တားဆီး ပေးနိုင်သည်။
» Special additive များ ပေါင်းစပ်ပါဝင်ထားသောကြောင့် သက်တမ်းမြင့် အင်ဂျင်များတွင် ဖြစ်သော အင်ဂျင်ဝိုင်လျော့နည်းခြင်းကို အပြည့်အဝကာကွယ်တားဆီးပေးနိုင်သည်။
» သာမန် SL/CF များထက် 17% ပိုမိုစွမ်းဆောင်နိုင်သော အင်ဂျင်ခန်းသန့်ရှင်းစေသည့် additive ကို ထည့်သွင်းပေးသည်။
 
       
:: Engine Oil for Petrol Engine ::
       

  1. Star Avant SAE 15W 40
» API SM အထိရောက်အောင် အထူးဒီဇိုင်းပြုကာ ထုတ်လုပ်ထားပါသည်။ ဒီဇယ်၊ ဓါတ်ဆီ၊ CNG အင်ဂျင်သုံး နောက်ဆုံးပေါ်ကားများနှင့် မည်သည့် ကားအမျိုးအစားမျိုးမဆို အသုံးပြုနိုင်ပါသည်။
» အင်ဂျင်ဝိုင် သက်တမ်းကို ကြာရှည်အောင် စီမံထားပါသည်။
 
       

  2. Super Serie 3 SAE 40 API CF/ SF & SAE 50 API CP/SF
» SAE ဂရိတ်နှစ်မျိုးရှိသည်။ SAE 40 နှင့် SAE 50 တို့ဖြစ်သည်။ mono grade အမျိုးအစားအင်ဂျင်ဝိုင်ဖြစ်၍ ဓာတ်ဆီအင်ဂျင်နှင့် ဒီဇင်အင်ဂျင်နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည်။ ၁၉၉၄ ခုနှစ်မတိုင်မီက ထုတ်လုပ်ထားသော အင်ဂျင်အားလုံးနှင့်သင့်တော်ပြီး လော်ရီကားများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး အင်ဂျင်များ သတ္ထုတူးဖော်ရေး လုပ်ငန်းသုံးအင်ဂျင်များ၏ လိုအပ်ချက်နှင့်ကိုက်ညီသည်။
» ဈေးနှုန်းချိုသာပြီး စွမ်းဆောင်ရည်ပြည့်၍ အနည်ကျမှုနည်းပါးသည်။
» ထုတ်ပိုးမှုပုံစံအနေဖြင့် SAE 40 CF/SF တွင် ၅ လီတာဝင်ပုံးများ ၂၀ လီတာဝင်ပုံးများ၊ ၅၀ လီတာဝင် တိုင်ကီများ၊ ၂၀၉လီတာဝင် တိုင်ကီများဖြင့် ရရှိနိုင်ပါသည်။
 
       
:: Engine oil for Diesel Engine ::
       
  1. CEPSA EUROTECH MS 15W40
» စွမ်းဆောင်ရည် မြင့်မားစွာ လိုအပ်သည့် Heavy Diesel Engines စက်ယန္တယားကြီးများအတွက် အကောင်းဆုံး အင်ဂျင်ဝိုင်ဖြစ်သည်။ ဆင်သက်တစ်နည်းပညာဖြင့် ထုတ်လုပ်ရရှိသော အရည်အသွေးမြင့် (Hydrocracked Bases) မှ ထုတ်လုပ်ထားခြင်းဖြစ်သည်။
» မည်သည့် အင်ဂျင်မျိုးမဆို အသုံးပြုနိုင်ရန် ထုတ်လုပ်ထားသည်။ API CJ-4 အဆင့်ရှိပြီး ကမ္ဘာတွင် အမြင့်ဆုံးဂရိတ်ဖြစ်သည်။
 
       
  2. Euromax SAE 15W40 API CI-4
» ဒီဇယ်အင်ဂျင်အမျိုးအစားအားလုံးအတွက် စွမ်းဆောင်ရည်ပြည့်ဝစေရန် ရည်ရွယ်ထုတ်လုပ်ထားသည်။ ဥရောပနှင့် အမေရိကရှိ အင်ဂျင်နီယာများ၊ အင်ဂျင်ထုတ်လုပ်သောစက်ရုံများ၏ ထောက်ခံမှုကို ရရှိထားသော အင်ဂျင်ဝိုင် အမျိုးအစားဖြစ်သည်။
» အင်ဂျင်အတွင်းရှိအစိတ်အပိုင်းများ ပွတ်တိုက်ပျက်စီးဆုံးရှုံးမှုကို ပိုမိုအကာအကွယ်ပြုသည်။ ဒီဇယ်တာဗို အင်ဂျင်များ အတွက် တာဗိုဖိအား မြင့်နှုန်း ပိုမြင့်၍ အင်ဂျင်ပါဝါစွမ်းအင်ကို မြင့်မားစေသည်။
» အင်ဂျင်ဝိုင်လဲလှယ်ရန်ကာလကိုလည်း ပိုမိုကြာမြင့်စေသည်။
» ထုတ်ပိုးမှုပုံစံအနေဖြင့် ၂၀၉ လီတာဝင်တိုင်ကီများဖြင့် ရရှိနိုင်ပါသည်။
 
       

  3. Super multigrado SHPD SAE 15W 40 CH-4
» စွမ်းဆောင်ရည် မြင့်မားစွာလိုသည့် ၀န်ဆောင်မှုကြီးမားသောအင်ဂျင်များအတွက် ကြာရှည်အသုံးပြုနိုင်သော အင်ဂျင်ဝိုင်အမျိုးအစားဖြစ်သည်။
» ဘူဒိုဇာ၊ မြေတူးစက်၊ ဘက်ဟိုးလ်၊ ကုန်တင်ယာဉ်ကြီးများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်များ၊ သတ္ထုတူးဖေါ်ရေးလုပ်ငန်းသုံးစက်များနှင့် အခြားသော အပူအအေး ထိန်းချုပ်မှုကောင်းစွာလိုအပ်သည့် ဒီဇယ်အင်ဂျင်များအားလုံးအတွက် သင့်တော်သောအင်ဂျင်ဝိုင် အမျိုးအစားဖြစ်သည်။
» စက်နိုးခြင်း၊ စက်သတ်ခြင်းကို မကြာခဏ ပြုလုပ်ရသော မြို့ပြသုံးမော်တော်ယာဉ်များအတွက်လည်း အသုံးပြုနိုင်သည်။
» ကြာရှည်အသုံးပြုထားပြီးသော အင်ဂျင်များအတွက်လည်း ၀န်ဆောင်မှု ကောင်းမွန်သည့် အင်ဂျင်ဝိုင် အမျိုးအစား ဖြစ်သည်။
» အင်ဂျင်ဝိုင်၏ ထူးခြားချက်အနေဖြင့် အင်ဂျင်ဝိုင် ခမ်းခြောက်မှုနှုန်း နည်းပါးခြင်းဖြစ်၍ ကာလရှည် အသုံးခံသည်။
» ပတ်ဝန်းကျင်ထိခိုက်မှု လုံးဝမရှိသောကြောင့် API Donut အရည်အသွေး မှတ်တမ်းတင်ခြင်းခံရသည့် အင်ဂျင်ဝိုင် ဖြစ်သည်။
» ထုပ်ပိုးမှုပုံစံအနေဖြင့် ၅ လီတာဝင်ပုံးများ၊ ၂၀ လီတာဝင်ပုံးများ၊ ၅၀ လီတာဝင်စည်များ၊ ၂၀၉ လီတာဝင်တိုင်ကီများဖြင့် ရရှိနိုင်ပါသည်။
 
       

  4. CEPSA STAR AVANT 15W 40
» API SM အထိရောက်အောင် အထူးဒီဇိုင်းပြုကာ ထုတ်လုပ်ထားပါသည်။ ဒီဇယ်၊ ဓါတ်ဆီ၊ CNG အင်ဂျင်သုံး နောက်ဆုံးပေါ်ကားများနှင့် မည်သည့် ကားအမျိုးအစားမျိုးမဆို အသုံးပြုနိုင်ပါသည်။
» အင်ဂျင်ဝိုင် သက်တမ်းကို ကြာရှည်အောင် စီမံထားပါသည်။
 
       
:: Motorcycle ::
       
  1. Moto 4T Ruta 66 20W50 API SG, JASO MA
» တွင်းထွက်ပစ္စည်းများကို အခြေခံထုတ်လုပ်ထားသောကြောင့် အဝေးပြေးယာဉ်များနှင့် မြို့တွင်းသွား ယာဉ်များအားလုံးအတွက် သင့်တော်သော မာလ်တီဂရိတ်ဆီဖြစ်သည်။
» ဥရောပနှင့် ဂျပန်ရှိ အင်ဂျင်ထုတ်လုပ်သူများ သတ်မှတ်ထားသည့် အရည်အသွေးကို ပြည့်မီကျော်လွန်သည်။
မည်သည့် ဆလင်ဒါ၊ မည်သည့် အရှိန်နှုန်းနှင့်မဆို သင့်တော်အောင် ထုတ်လုပ်တားသဖြင့် ပစ်စတင်ကို သန့်ရှင်းစေပြီး စက်နှိုးစဉ် ကြုံတွေ့ရတတ်သော အခက်အခဲများမရှိအောင် အထူးကာကွယ်ပေးထားသည်။
» မည်သို့သောအခြေအနေတွင်မဆို ဆီ၏အရည်အသွေး ပြောင်းလဲမှုမရှိပေ။
» ထုတ်ပိုးမှုပုံစံအနေဖြင့် ၁- လီတာဘူးများ ရရှိနိုင်ပါသည်။
 
       
  2. MMoto 2T Scooter API TC, JASO FC
» ခေတ်ပေါ်မော်တော်ဆိုင်ကယ်များအတွက် အထူးပြုလုပ်ထားသော ဆင်သက်တစ်ဆီ ဖြစ်သည်။ ဓာတ်ဆီနှင့် ရော၍ဖြစ်စေ၊ သီးခြားဖြစ်စေ အသုံးပြုနိုင်သည်။
» မီးခိုးထွက်ခြင်း နည်းပါးစေသော နည်းပညာသစ်ဖြင့် ထုတ်လုပ်ထားသဖြင့် မီးစက်၊ မြက်ရိတ်စက်၊ စက်တပ်စက်ဘီး၊ မော်တော်ဆိုင်ကယ်အမျိုးမျိုးနှင့် မည်သည့်တူးစတုပ်အင်ဂျင်အတွက်မဆို သင့်တော်ပါသည်။
» စွမ်းဆောင်ရည် မြင့်မားသောချောဆီနှင့် မြင့်မားသော အညစ်အကြေး သန့်စင်မှုစနစ်ကြောင့် စက်စတင်နှိုး သောအချိန်၊ သို့မဟုတ် အလွန်ပူသောအခြေအနေတို့တွင်လည်း စွမ်းဆောင်ရည် မပြောင်းလဲပဲ အရည်အသွေး တည်ငြိမ်သည်။
» မည်သည့် ဓာတ်ဆီအမျိုးအစားနှင့်မဆို အသုံးပြုနိုင်သည်။
» လိုအပ်ချက်များကို ကြိုတင်တွက်ဆ၍ ထပ်မံဖြည့်စွက်ထားသော ဆင်သက်တစ်ဆီဖြစ်၍ ISO-L-EGC နှင့် JASO FC တို့မှ အဆင့်မီသည်ဟု သတ်မှတ်ခြင်းခံရသည်။
» ထုတ်ပိုးမှုပုံစံအနေဖြင့် ၀.၅- လီတာဘူးငယ်များ၊ ၁-လီတာဘူးများဖြင့် ရရှိနိုင်သည်။
 
       
:: Hydraulic Oil ::
       

  1. Hydraulic ISO HM 32/ ISO HM 46 & ISO HM 68
» ပျက်ဆီးယိုယွင်းမှုကို ပိုမိုကာကွယ်ပေးနိုင်သော H M အမျိုးအစားဖြစ်သည်။ လိုအပ်ချက်များနှင့်အညီ ရွေချယ်ထားသော ဓာတုပစ္စည်းများ ပေါင်းစပ်ထည့်သွင်းထားသည်။
» ယူနီဗာဆယ် ဟိုက်ဒြောလစ်စနစ်အတွက် စီစဉ်ထုတ်လုပ်ထားခြင်းဖြစ်သည်။ အထူးသဖြင့် စက်ရုံသုံး စက်ပစ္စည်းများအတွက် သင့်တော်သည်။ အနည်ကျခြင်း၊ လေခိုခြင်းမဖြစ်ပေါ်ပဲ သံချေးတက်ခြင်း၊ ဓာတုပစ္စည်းများဓာတ်ပေါင်း၍ပျက်ဆီးယိုယွင်းခြင်းကို ထိရောက်စွာ ကာကွယ်သည်။
» ISO HM 32 ဂရိတ်သည် ဆီလည်ပတ်ခမ်းခြောက်မှုကိုသက်သာစေပြီး စက်၏နေရာအနှံ့သို့ ဆီစိမ့်ဝင်နိုင်စွမ်းရှိသည်။ ISO HM 46 ဂရိတ်သည် ဟိုက်ဒြောလစ်စနစ် အများစုလိုအပ်သော စေးပျစ်မှုနှင့် ကိုက်ညီသည်။ ဆီလည်ပတ်ခမ်းခြောက်မှုကိုသက်သာစေပြီး စက်၏နေရာအနှံ့သို့ ဆီစိမ့် ၀င်နိုင်စွမ်းရှိသည်။
» ISO HM 68 ဂရိတ်သည် မြင့်မားသောအပူချိန်နှင့် မြင့်မားသောဖိအားတွင် လည်ပတ်ရသော ယန္တရားများနှင့် သင့်တော်သည်။
» ထုတ်ပိုးမှုပုံစံအနေဖြင့် ISO HM 32 အတွက် ၂၀ လီတာဝင်ပုံးများ၊ ၂၀၉ လီတာဝင် တိုင်ကီများဖြင့်လည်းကောင်း၊ ISO HM 46 အတွက် ၅ လီတာဝင်ပုံးများ၊ ၂၀ လီတာဝင်ပုံးများ၊ ၂၀၉ လီတာဝင်တိုင်ကီများဖြင့်လည်းကောင်း ရရှိနိုင်ပါသည်။
» ISO HM 68 အတွက် ၅ လီတာဝင်ပုံးများ၊ ၂၀ လီတာဝင်ပုံးများ၊ ၂၀၉ လီတာဝင် တိုင်ကီများဖြင့်လည်းကောင်း ရနိုင်ပါသည်။
 
       
  2. Hydraulic HL 46 & 68
» လည်ပတ်နေသောစနစ်အတွင်း သံချေးမတက်ရန်နှင့် ဓာတုပစ္စည်းများအချင်းချင်း ဓာတ်ပြု၍ဖြစ်ပေါ်သော အန္တရာယ်ကို ကောင်းမွန်စွာဟန့်တားနိုင်ကြောင်း အာမခံပါသည်။
» လေခိုမှုမရှိဘဲ ကောင်းမွန်စွာစီးဆင်းနိုင်ပါသည်။ နိမ့်သောအပူချိန်တွင်လည်း စီးဆင်းမှုကောင်းသည်။ စေးပျစ်အားနှင့် ဆက်စပ်အားကောင်းမွန်သည်။
» ထုတ်ပိုးမှု ပုံစံအနေဖြင့် ၂၀၉ လီတာ ၀င်တိုင်ကီများရရှိနိုင်ပါသည်။
 
       
:: Gear Oil ::
       
  1. Transmission TO – 4
» ဆာဗိုဂီယာဘောက်စ် ဘရိတ်စနစ်နှင့် ဟိုက်ဒြောလစ် ဂီယာဘောက်စ်အတွက် အထူးလိုအပ်ချက်များ ဖြည့်ဆည်း ထုတ်လုပ်ထားပါသည်။
» ချိတ်ဆက်ထားသောအစိတ်အပိုင်းများကြားသို့ ဆီ စီးဝင်နိုင်ပြီး အစိတ်အပိုင်းများ ပျက်စီး ယိုယွင်းမှုကို ကောင်းမွန်စွာကာကွယ်နိုင်ပါသည်။
» EP စနစ်ပါရှိပြီးဖြစ်သည်။
» စက်ယန္တယား၏ အစိတ်အပိုင်းများကို ကာလပိုမိုရှည်လျားစွာ သက်တမ်းရှည်စေသည်။
» SAE 10W ဂရိတ်ကို ဓာတ်လှေကားများနှင့် အပူချိန် 20ံC မှ 50ံC အတွင်းအသုံးပြုသော ယန္တယားများတွင် လည်းကောင်း၊ ဟိုက်ဒြောလစ်ဂီယာဘောက်စ်များအတွက် 20ံC မှာ 40ံC အတွင်းတွင် လည်းကောင်း အသုံးပြု နိုင်သည်။
 
       
  2. Transmission EP 90 API GL-5
» ပုံမှန်ဂီယာဘေက်စ်များအတွက်သာမက အော်တိုဂီယာဘောက်စ်များအတွက်ပါ သင့်တော်၍ ပြင်းထန်သော ဖိအား (extreme pressure) တွင်လည်း စွမ်းဆောင်ရည်ပြည့်ဝရန် စီမံထုတ်လုပ်ထားပါသည်။
» အလယ်အလတ်နှင့် ကြီးမားသော အင်ဂျင်များအတွက် ဆောင့်ရုန်းနိုင်သော အစွမ်းသတ္တိရှိပါသည်။
» အစိတ်အပိုင်းတစ်ခုနှင့်တစ်ခု ပွတ်တိုက်မှုမှဖြစ်ပေါ်သော ပျက်စီးယိုယွင်းခြင်းကို ကောင်းမွန်စွာကာကွယ် သည်။
» ထုတ်ပိုးမှုပုံစံအနေဖြင့် ၁ လီတာဘူးများ နှင့် ၅ လီတာဘူးများ ရရှိနိုင်ပါသည်။
 
       

  3. Transmission EP 80W 90 API GL- 5
» ပုံမှန်ဂီယာဘောက်စ်များနှင့် အော်တိုဂီယာဘောက်စ်များတပ်ဆင်ထားသော အလယ်အလတ်တန်းစား ၀န်တင် ယာဉ်နှင့် လူစီးယာဉ်များအတွက် သင့်တော်ပါသည်။
» ယာဉ်ငယ်များအတွက်လည်း သင့်တော်သည်။ မာလတီဂရိတ်ဂီယာဝိုင်ဖြစ်သည့်အတွက် မည်သည့် အခြေအနေတွင်မဆို သတ္တုချင်းပွတိုက်မှုမှ ဖြစ်ပေါ်သော ပျက်စီးယိုယွင်းခြင်းကို လျှော့ပါးစေပါသည်။
» တုန်ခါခြင်းကင်းမဲ့စေသော ပြင်းထန်သည့်ဖိအားဒဏ်ခံနိုင်စွမ်း (EP) ပါဝင်သည်။
» ထုတ်ပိုးမှုပုံစံအနေ ဖြင့် ၅ လီတာဝင်ပုံးများ၊ ၂၀ လီတာဝင်ပုံးများ၊ ၂၀၉ လီတာဝင်တိုင်ကီများဖြင့် ရရှိနိုင်ပါသည်။
 
       

  4. Transmission EP 85W 140 API GL-5
» ထရပ်ကားများ၊ ဘူဒိုဇာများ၊ ဘတ်စကားများ၊ ၀န်ချီစက်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်များ၏ ဂီယာဘောက်စ်များအတွက် သင့်တော်ပါသည်။
» ၀န်အလေးချိန်များစွာ တင်ဆောင်လုပ်ကိုင်ရသော (Heavy Duty) ယာဉ်စက်များ၏ ဂီယာဘောက်စ်များအတွက် သင့်တော်သည်။
» မာလတီဂရိတ်ဂီယာဝိုင်ဖြစ်သည့်အတွက် ကုန်ချိန်များစွာဖြင့် ရုန်းကန်ရသောအချိန်တွင်လည်း တည်ငြိမ်မှုကိုပေးသည်။ ဂီယာဝိုင်၏သက်တမ်း ပိုမိုရှည်သည်။
» ထုတ်ပိုးမှုပုံစံအနေဖြင့် ၅ လီတာဝင်ပုံးများ၊ ၂၀ လီတာဝင်ပုံးများ၊ ၂၀၉ လီတာဝင်တိုင်ကီများဖြင့် ရနိုင်ပါသည်။
 
       
:: ATF ( Auto Transmissions Fluid ) ::
       

  1. ATF 70 GM D-II-D
» အထူး ဂရုစိုက် ရွေးချယ်ထားသော အခြေခံဆီများဖြင့် ဖော်စပ်ထားပြီး အစွမ်းသတ္တိထက်မြက်သော အားဖြည့် ပစ္စည်းများပါဝင်သည်။
» ပါဝါစတီယာရင်နှင့် ဟိုက်ဒြောလစ်စနစ်များတွင် အသုံးပြုနိုင်သည်။
» အော်တိုဂီယာများအတွက်လည်း အသုံးပြုနိုင်ပြီး မည်သည့်နှုန်းဖြင့်လည်ပတ်သည်ဖြစ်စေ ချောမွေ့ စေသည်။
» ဂီယာဘောက်စ်များ၊ လိမ်အားကွန်ဗာတာများနှင့် ဟိုက်ဒြောလစ်ဆားကစ်များကို အကောင်းဆုံး ကာကွယ်ပေး နိုင်ပါသည်။ သံချေးတက်ခြင်းကို ကာကွယ်သည်။
» ထုတ်ပိုးမှု ပုံစံများအနေဖြင့် ၁ လီတာဘူးများ နှင့် ၅ လီတာဘူးရရှိနိုင်ပါသည်။
 
       
 

2. ATF 2000 GM D-III-D
» မည်သည့် ပါဝါစတီယာရင်အတွက်မဆို အသုံးပြုနိုင်သည်။
» ဥရောပရှိ မော်တော်ကားစက်ရုံများနှင့် စက်အစိတ်အပိုင်းထုတ်လုပ်သောစက်ရုံများ၏ လိုအပ်ချက်ကို ပြည့်မီသည်။
» ခေတ်ပေါ်ဂီယာဘောက်စ်များ၊ ပါဝါပန့်များအတွက် သင့်တော်သောစေးပျစ်မှုပါဝင်သည်။
» စေးပျစ်မှုတည်ငြိမ်ပြီးအပူလျော့ပါးစေခြင်း၊ အမြှုပ်မထခြင်း၊ စက်ကိုတာရှည်စွာအလုပ်လုပ်နိုင်စေခြင်း၊ ကာကွယ်နိုင်ခြင်း စသည့် စွမ်းဆောင်ရည်များ ရှိသည်။ ထုတ်ပိုးမှုပုံစံ အနေဖြင့် ၁လီတာဘူးများရရှိနိုင်ပါသည်။

 
       
  3. CEPSA ATF AVANT DIII
» အော်တို ဂီယာဘောက် (Automatic Gearboxes) ၊ တော့ ကွန်ဗာတာ (Totque Converters) ၊ ရီတာဒါစ် (Retarders) ၊ ဟိုက်ဒရောလစ် စနစ်များ (Hydraulic Systems) ၊ ဆာဘို စတီယာရင်း (Servo-assisted Steering) ၊ တာဘို ကလပ်ခ်ျ (Turbo Clutches) တို့တွင် အသုံးပြုရန်အတွက် အကောင်းဆုံး Transmission Oil ဖြစ်သည်။
 
       
:: GREASE ::
       
  1. Arga Calcio 2
» ကယ်လ်ဆီယမ် (Calcium) ကိုအခြေခံထုတ်လုပ်ထားသော အမဲဆီဖြစ်သည်။
» အပူချိန် (-10ံC မှ 60ံC) အတွင်း အရည်အသွေးပြည့်ဝစွာ စွမ်းဆောင်ရည်ရှိသည်။
» သံချေးတက်ခြင်းနှင့် ဓာတုပစ္စည်းများ ဓာတ်ပေါင်း၍ ဖြစ်ပေါ်လာသော အညစ်အကြေးကိုကာကွယ်သည်။ အထူးသဖြင့် ရေကြောင့်ဖြစ်ပေါ်သော ပျက်စီးမှုကို ထိရောက်စွာ ကာကွယ်ပါသည်။
» ထုတ်ပိုးမှုပုံစံအနေဖြင့် ၂ ကီလိုဂရမ်ပုံး၊ ၅ ကီလိုဂရမ်ပုံး၊ ၄၅ ကီလိုဂရမ်ပုံးများ ရရှိနိုင်ပါသည်။
 
       

  2. Arga Litio 2 & 3
» မည်သည့်နေရာတွင်မဆို အသုံးပြုရန်ထုတ်လုပ်ထားသော လစ်သီယမ်အခြေခံအမဲဆီဖြစ်သည်။
» စေးပျစ်မှုအားကောင်းမွန်သည်။ဆိုဒီယမ်၊ကယ်လ်ဆီယမ်များကိုအခြေခံသောအမဲဆီများထက် အရည်ပျော်မှတ်မြင့်မား သည်။
» အရည်ပျော်မှတ်မှာ (190ံC – 220ံC) အတွင်းဖြစ်သည်။ သို့သော် -25ံC မှ 130ံC အတွင်း စွမ်းဆောင်ရည် အကောင်းဆုံးဖြစ်သည်။
» Litio 2 အမဲဆီသည် ဂီယာအုံ၊ ဘယ်ရင်၊ ဂျွိုင်း၊ အိပ်ဇယ် စသည့်နေရာများတွင် အသုံးပြုရန်အတွက် သင့်တော်ပြီး ပိုမို အလေးချိန်များပြားပြီး ကြီးမားစွာဝန်ဆောင်ရခြင်းများအတွက်မူ Litio 3 အမဲဆီကိုသုံးစွဲရန် တိုက်တွန်းပါသည်။
» ထုတ်ပိုးမှုပုံစံအနေဖြင့် Litio 2 အမဲဆီများကို ၂ ကီလိုဂရမ်ပုံးများ၊ Litio 3 အမဲဆီများကို ၅ ကီလိုဂရမ်ပုံး၊ ၄၅ ကီလို ဂရမ်ပုံးများဖြင့် ရရှိနိုင်ပါသည်။
 
       
  3. Arga EP – 2 Especial
» မည်သည့်နေရာတွင်မဆို အသုံးပြုနိုင်သည်။ EP (Extreme Pressure) ပါဝင်သောကြောင့် ကြီးမားလေးလံသော စက်ယန္တယားများတွင် အသုံးပြုရန်သင့်တော်သည်။
» အပူချိန် (-25ံCမှ 130ံC)အတွင်း ၀န်ဆောင်မှုပြည့်ဝသည်။ စက်အစိတ်အပိုင်းများ ပွတ်တိုက်မှုကြောင့် ပျက်စီးခြင်းနှင့် သံချေးတက်ခြင်းကို ကောင်းမွန်စွာကာကွယ်နိုင်သည်။
» ထုတ်ပိုးမှုပုံစံအနေဖြင့် ၄၀၀ ဂရမ် ဗူးများရရှိနိုင်ပါသည်။
 
       
 
 
 
    Powered by Inforithm-Maze.