CEPSA မှထုတ်လုပ်သော မည်သည့်အင်ဂျင်ဝိုင်အမျိုးအစားမဆို အနည်းဆုံး ကီလို(၆,၀၀၀) (ခြောက်ထောင်) အထိသုံးစွဲနိုင်ပါသည်။
         
 
  CATEGORIES
  Home > Profile
 
  What's New
  About CEPSA
  Products & Services
  CEPSA Service Center
  Contact Us
 
 


 

အထုပ္ပတ္တိ

 

၁၉၂၉ ခုနှစ်က စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော CEPSA ကုမ္ပဏီသည် ယနေ့အချိန်တွင် စပိန်နိုင်ငံအပါအ၀င် နိုင်ငံတကာ၌ ထိပ်တန်းမှ ရပ်တည်နေသည့် စက်မှုလုပ်ငန်းစုတစ်ခုဖြစ်သည်။

ဝန်ထမ်းအင်အား (၁၁၀၀) ဖြင့် လည်ပတ်နေသည့် CEPSA လုပ်ငန်းစုကြီးသည် ရေနံစိမ်းသန့်စင်ခြင်းနှင့် ရေနံစိမ်း ထုတ်ကုန်များကို ဈေးကွက်သို့ ဖြန့်ဖြူးခြင်းကို အဓိကလုပ်ကိုင်လျက်ရှိသည်။ ထို့ပြင် ရေနံချက်စက်ရုံများတွင် ဓာတုဗေဒနည်းဖြင့် ရေနံသန့်စင်ခြင်းကိုလည်း လုပ်ဆောင် လျက်ရှိသည်။ CEPSA ကုမ္ပဏီသည် အဆိုပါ ရေနံ သန့်စင်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းတို့အပြင် ရေနံနှင့်ဓာတ်ငွေ့ ရှာဖွေ တူးဖော်ခြင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်း၊ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရောင်းချခြင်း အစရှိသည့် အခြားသော စွမ်းအင်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိသည်။

ဈေးကွက်၏လိုအပ်ချက်များနှင့်အညီကောင်းမွန်ပြည့်ဝသည့် စွမ်းဆောင်ရည်များကြောင့် စွမ်းအင် ဈေးကွက်၌ နှစ် (၈၀)ကြာ ရပ်တည်နေသည့် CEPSA သည် စပိန်နိုင်ငံရှိ အဆိုပါနယ်ပယ်ရှိ ကုမ္ပဏီများအနက် ထိပ်တန်းမှ ဦးဆောင်သည့် ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။ ထို့ပြင် CEPSA သည် အယ်လ်ဂျီးရီးယား၊ ဘရာဇီးလ်၊ ကနေဒါ၊ ကိုလံဘီယာ၊ အီဂျစ်၊ ပနားမား၊ ပီရူး၊ ပေါ်တူဂီနိုင်ငံများတွင်လည်း ၎င်း၏စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည့်အပြင် တကမ္ဘာလုံးသို့ ၎င်း၏စွမ်းအင်ထုတ်ကုန်များကို ဖြန့်ဖြူးရောင်းချလျက်ရှိသည်။

 
..........................................................................................................................................................
 
:: CEPSA ခံယူချက် ::
 

``ကျွန်ုပ်တို့သည် လူ့အဖွဲ့အစည်း၊ သဘာဝပတ်ဝန်းကျင်နှင့် သုံးစွဲသူများ၏ ကျေနပ်မှုကို အဓိက ဦးစားပေးလုပ်ဆောင်နေသော စွမ်းအင်နှင့် ရေနံဓါတုဆိုင်ရာ ကုမ္ပဏီဖြစ်သည်´´ဟူသော ခံယူချက်နှင့်အညီ CEPSA အနေဖြင့် မိမိ၏စွမ်းဆောင်ရည်များကို လူ့အဖွဲ့အစည်းကြီး၏ အကျိုးတရားကိုသာ အစဉ်ရှေးရှုလျက်ရှိပါသည်။

အဆိုပါရေးရှုချက်နှင့်အညီ ကုမ္ပဏီအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်ဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော်ခဲ့သည်။

``အရင်းအမြစ်များအား စနစ်တကျစီမံခန့်ခွဲခြင်းနှင့် ကုမ္ပဏီ၏ကြိုးပမ်းချက်များကို အစုရှယ်ယာရှင်များအတွက် ရည်ရွယ်ဦးတည်ခြင်း´´

ထို့ပြင် အစုရှယ်ယာရှင်များ၏ ယုံကြည်မှုခိုင်မာစေရန်၊ ကုမ္ပဏီ၏ခံယူချက်ခိုင်မာစေရန်အတွက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကုမ္ပဏီဆိုင်ရာ
မူဝါဒကို ရေးဆွဲထားသည်။ ယင်းတို့မှာ…

အစုရှယ်ယာရှင်များ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများကိုလေးစားခြင်း၊

ကုမ္ပဏီ၏ အခြေခံမူဝါဒများ၊ ခံယူချက်များနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို စနစ်တကျဖော်ဆောင်ခြင်း၊

ကုမ္ပဏီ၏သတင်းအချက်အလက်များကို စနစ်တကျထိန်းသိမ်းခြင်းနှင့် ကောင်းမွန်သော စီမံခန့်ခွဲမှုပေးခြင်း၊

ထုတ်လုပ်မှုအရည်အသွေးနှင့် စံချိန်စံညွှန်းများကို ထိန်းသိမ်းခြင်း၊

တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းခွင်များတွင် အန္တရာယ်ကင်းစင်ရေးကို အလေးထားခြင်းတို့ဖြစ်သည်။

 
 
 
 
    Powered by Inforithm-Maze.